DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း

အိန္ဒိယပြန် သင်တန်းသား အရာရှိ စစ်သည် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံတွေ့ရှိ 

  • By DVB
  • 3 July 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၂ ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးဆုံးပြီး ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ရောက်လာတဲ့ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးမှာ  ဇွန် ၂၇ နဲ့ ၂၈ ရက်က  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားပြီး ဒီကနေ့ နောက်ထပ် ၂ ဦးမှာ ရောဂါတွေ့ရှိတာ ဖြစ်ပါတယ်။

စစ်သည် ၂ ဦးဟာ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းဖြစ်ပေါ်လာလို့ ဒီကနေ့  သူတို့နှစ်ဦးထံက နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူကာ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝ၀)မှာ Polymerase Chain Reation  (PCR)နည်းနဲ့ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

အဆိုပါ စစ်သည် ၂ ဦးကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါလူနာသစ် ၂ ဦးနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း  အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အသက် ၂၄ နှစ်အရွယ်အမျိုးသား တစ်ဦးနဲ့ အသက် ၂၃ နှစ် အရွယ်အမျိးသား တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိရတယ်လို့ ဒီကနေ့ည ထုတ်ပြန်ထားပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၂၈၂)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၆) ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၅၆) ခု စုစုပေါင်း (၉၈၀)ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၂ ဦးထပ်တွေ့ရတာပါ။

မြန်မာနိုင်ငံမှာ ဇူလိုင် ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄) ဦး (Case- 205, 250, 264, 266, 270, 272, 273, 274, 275, 276, 281, 284, 285 နှင့် 287) ထပ်တိုးလာတဲ့အတွက်  ရောဂါပိုးကင်းစင်လာသူ ၂၃၇ ဦးရှိပြီး ဒီအထဲက  ၂၁၉ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Tags: Covid-19ကိုဗစ်-၁၉သင်တန်းသား အရာရှိ စစ်သည် ၂ ဦးအိန္ဒိယ

  • Previous story ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ၁၇၀ ကျော်အထိ ထပ်တိုးလာ 
  • Next story ဖားကန့်မြေပြိုမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူအဆင့်ဆင့်ကိုဖော်ထုတ်ရန် သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 ကိုဗစ်-၁၉  လူနာသစ် ၅၀၇ ဦး၊  သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 ကိုဗစ်-၁၉  လူနာသစ် ၅၀၇ ဦး၊  သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.