ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၁၀၇ ဦးတွေ့ရှိ 

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဇူလိုင် ၂ ရက် တစ်ရက်တည်း  ကိုရိုနာဗိုင်းရပ်စ် အသစ်ကူး စက်သူ ၁၀၇ ယောက် ရှိခဲ့ပြီး နှစ်လအတွင်းမှာ တစ်ရက်တာ ကူးစက်မှုနှုန်း  အမြင့်ဆုံးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။  လူဦးရေ  ၁၄ သန်းရှိတဲ့  တိုကျိုမှာ    မေလ  ၂၅ ရက်က စလို့ အစိုးရက အရေးပေါ် အခြေ အနေကို ရုပ်သိမ်းခဲ့ပြီးနောက်  နေ့စဉ်ကူးစက်နှုန်း  ၂၀ အောက်သာ ရှိဖို့ ကြိုးပမ်းနေချိန်မှာပဲ အခုလို ကူးစက်သူတွေ တဟုန်ထိုး မြင့်တက်လာတာပါ။   ဇူလိုင်လ ၁ ရက်မှာ အသစ်ကူးစက်သူ ၆၇ ယောက် ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ အစိုးရရဲ့ကနဦး ထိန်းချုပ်ရေးရည်မှန်းချက်ထက် ကူးစက်သူ အရေအတွက်  ပိုလာချိန်မှာ   တာဝန်ရှိသူတွေကတော့ အရေးပေါ်အခြေအနေ ထပ်ကြေညာဖို့ မရှိဘူးဆိုပြီး ထပ်တလဲလဲ ပြော နေပါတယ်။  ကျန်းမာရေးစနစ်က လက်ရှိ ဖြစ်နေတဲ့ ကူးစက်မှုတွေကို  ကိုင်တွယ်နိုင်ပြီး  ဗိုင်းရပ်စ် ရှိ၊မရှိ တိုးမြှင့်စစ်ဆေးနိုင်တာ တစိတ်တပိုင်းကြောင့်လည်း  အခုလို အတည်ပြုလူနာ တိုးလာတာ ဖြစ်တယ်လို့   ဆိုကြပါတယ်။   မြို့တော်တိုကျိုမှာ  ကူးစက်သူတွေ  တိုးလာပေမဲ့ ကူးစက်သူ  ၁၉,၀၀၀ ခန့်နဲ့ သေဆုံးသူ ၉၇၆ ယောက်ရှိတဲ့ ဂျပန်နိုင်ငံဟာ နိုင်ငံအတော်များများထက်  စုစုပေါင်း  ကူးစက်နှုန်း နည်းပါး တယ်လို့  ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up