DVB Logo
Home
မြန်မာသတင်း
၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်
DVB
·
May 22, 2013
၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို လာမယ့် မေလ ၂၄ ရက်ကနေ ၂၆ ရက်အထိ ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ၃ ရက်ကြာ သွားရောက်လည်ပတ်မယ်လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ် ယိုရှီဟီဒီ ဆူဂါက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ တိုကျိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပြီး   ဒီခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်ဟာ သမ္မတ ဦးသိန်းစိန်အပါအ၀င်  မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးကိစ္စ အဓိကထား ဆွေးနွေးကြမယ်လို့ မျှော်လင့်တယ်ကြောင်း ဆိုပါတယ်။

[caption id="attachment_38814" align="alignright" width="264" caption="ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး"][/caption]

ရှင်ဇိုအာဘေးနဲ့အတူ ဂျပန် စီးပွားရေးလုပ်ငန်းရှင် ကုမ္မဏီပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေလည်း လိုက်ပါသွားဖို့ ရှိပါတယ်။ ဒီခရီးစဉ်နဲ့အတူ ဂျပန်နိုင်ငံက ဂျပန်ပို့စ်ကုမ္မဏီနဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌာနတို့အကြား မြန်မာ့စာပို့လုပ်ငန်း အရည်အသွေးနဲ့ ၀န်ဆောင်မှု ခေတ်မီတိုး တက်အောင် ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း ပြုလုပ်ဖို့ ရှိပါတယ်။

ဒါဟာ ၁၉၇၇ ခုနှစ်က ၀န်ကြီးချုပ် တာကီအိုဖူကူဒါ မြန်မာနိုင်ငံသွားရောက်ပြီးနောက်  နှစ်ပေါင်း ၃၆ နှစ်အတွင်း  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကတော့ ဂျပန် ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆို မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာရဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၈၇ ဘီလီယံနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေတွေကို လျော်ပစ်ဖို့နဲ့ စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၈၇ ဒဿမ ၅ သန်း ကူညီပေးဖို့ ကတိပြုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နဲ့ မြန်မာဟာ ကာလရှည်ကြာ ဆက်ဆံရေးရှိတဲ့ အကြောင်းနဲ့  မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရာမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးကိုမှ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဂျပန်သတင်းဌာနတွေကို ပြောပါတယ်။ မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလက ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013