ဓာတ်ခွဲနမူနာ ၁,၇၅၃ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၂၃ ဦးရှိပြီ
DVB
·
July 3, 2020
ဇူလိုင် ၂ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၅၃ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်မတွေ့ရဘဲ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၈၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၇၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၉၄ ခု၊ စုစုပေါင်း ၁,၇၅၃ ခု အား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ရသူ ၂၁၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀.၀၉ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၂ သောင်းကျော်၊ ရောဂါသက်သာပျောက်ကင်းသူ ၆.၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။