DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာရေနံပိုက်လိုင်း စီမံကိန်း ရပ်ရန် တောင်းဆို
DVB
·
May 22, 2013
Donate to DVB

တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေက စုပေါင်းတောင်းဆိုပါတယ်။

ဒီပိုက်လိုင်းဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့စခန်းကို အစိုးရတပ်က ဒီလဆန်း ၉ ရက်နေ့မှာ ၀င်တိုက်ခိုက်လို့ ရွာသားတွေ ထောင်ချီထွက်ပြေးခဲ့ကြပြီးတဲ့နောက် ဒီတောင်းဆိုချက် ထွက်ပေါ်လာတာပါ။

ဒီထိုးစစ်ဟာ စီမံကိန်းနဲ့ တိုက်ရိုက်ဆက်စပ်တာကြောင့် ပဋိပက္ခပိုပြင်းထန်လာမှာ အထူး စိုးရိမ်ပူပန်တယ်လို့ ရှမ်းပြည်လူ့အခွင့်အရေးမဏ္ဍိုင်၊ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ရှမ်းပြည်ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ ရှမ်းပြည်အဖွဲ့အစည်း၊ ရှမ်းအမျိုးသမီးများ လှုပ်ရှားဆက်သွယ်ရေးအဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့နဲ့ ရှမ်းလူငယ့်စွမ်းအားတို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကာလရှည်ကြာဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့အခြေခံကို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ဖြေရှင်းနေသည့်ကာလနဲ့ စစ်မှန်သည့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိသေးသရွေ့ ရှမ်းပြည်နယ်အတွင်း လက်ရှိလုပ်ဆောင်နေတဲ့ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများကိုလည်း  ယာယီ ဆိုင်းငံ့ထားဖို့ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

၂၀၀၅ ဒီဇင်ဘာမှာ တရုတ် ပက်ထရိုချိုင်းနား ကုမ္ပဏီက မြန်မာအစိုးရထံက သဘာဝဓာတ်ငွေ့ကို နှစ် ၃၀ ၀ယ်ယူမယ်လို့ စာချုပ်ချုပ်ပြီးနောက် ပိုက်လိုင်းစီမံချက် အစပြုလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို ဖြတ်သန်းသယ်ယူမယ့်  အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန် ရေနံပိုက်လိုင်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၄၀ တန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ဖို့ ၂၀၀၈ နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံ အစိုးရအကြား သဘောတူအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ပိုက်လိုင်းတည်ဆောက်မှုလုပ်ငန်းကို ဒီလကုန်မှာ အပြီးသတ်မှာဖြစ်ပြီး ဇွန်လအတွင်း စတင် တင်ပို့တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013