Home
မြန်မာသတင်း
အမေရိကန်-မြန်မာ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆို
DVB
·
May 22, 2013
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စု တို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (TIFA)ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီသဘောတူညီချက်ကို  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဒီမီထရီရော့စ် မာရန်တစ်နဲ့ မြန်မာစီးပွားကူးသန်းဒုဝန်ကြီး ဦးပွင့်စန်းတို့ ၀ါရှင်တန်မှာ မနေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ [caption id="attachment_39722" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်မြို့ အမေရိကန်ကုန်သည်ကြီးများအသင်းရုံးမှာ ကျင်းပသည့်စားပွဲဝိုင်းဆွေးနွေးပွဲ တက်ရောက်နေစဉ်(မေ ၂၀ ရက် ) "][/caption] သဘောတူညီချက်အရ နှစ်နိုင်ငံအစိုးရတွေအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ  ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ လမ်းကြောင်းတခု ဖန်တီးသွားမှာ ဖြစ်တယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အားပေးဖို့နဲ့ ဆင်းရဲသားတွေအပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးဖို့ ပါဝင်ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံစလုံးရဲ့ ဥပဒေတွေနဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က ရေးဆွဲထားတဲ့ အခြေခံအလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာဖို့ အသိအမှတ် ပြုတယ်လို့ သဘောတူညီချက်မှာ ပါဝင်ပါတယ်။ ဒီသဘောတူညီချက်အရ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးရေးကိစ္စအောင်မြင်အောင် အမေရိကန်စိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ အမေရိကန်ကိုယ်စားလှယ် မာရန်တစ်က “တိုင်းပြည် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ အနာဂတ်ဖြစ်ဖို့အတွက် အခြေခံအဖြစ် လမ်းခင်းပေးတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်က  အားပေးကြောင်းနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးဟာ အပြန်အလှန် အထောက်အကူဖြစ်တယ်။ အားကောင်းတဲ့ အဖွဲ့အစည်းတွေ၊ ပွင့်လင်းမြင်သာမှုနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တရားဥပဒေစိုးမိုးရေးကို ခိုင်ခံ့အောင် ဖန်တီးမှုတွေကိုလည်း  အားပေးတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ပေးလိုက်ပြီး နောက်မှာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ တိုးတက်လာတဲ့အကြောင်း ၂၀၁၃ ခုနှစ်  ပထမ ၃ လအတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိပါတယ်။ ဒီထဲမှာ  အမေရိကန်က မြန်မာဆီကို ၈၉ သန်းဖိုး တင်ပို့ပြီး မြန်မာဆီက ဒေါ်လာ ၁ သန်းဖိုး တင်သွင်းတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024