ရေးမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့မှုစတင် 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေ အတွက် နိုင်ငံတော်မှ ပေးအပ်တဲ့ ထောက်ပံငွေကို ဇူလိုင် ၁ ရက်နေ့ မနက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ  ပေးအပ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်က နိုင်ငံတော်ကနေ ပေးအပ်တဲ့ထောက်ပံ့ငွေတွေ ပြန်လည်ပေးဝေရာမှာ စနစ်တကျဖြစ်ပြီး ပြည်သူ့လက်ဝယ်သို့ အမှန်တကယ် ရောက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။  မြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စု အိမ်ထောင်စု ၉၃၇၀ အပြင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ အိမ်ထောင်စု ၃၅၀၀ အပါအဝင်  စုစုပေါင်း အိမ်ထောင်စု ၁၂၈၇၀ စုအတွက် တစ်အိမ်ထောင်စုကို ကျပ် ၁၅၀၀၀ နှုန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူတွေ လက်ဝယ်အရောက် ပေးသွားမယ်လို့ ဆိုပါတယ်။ ထောက်ပံပေးအပ်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ သတင်း - နေမျိုးထွဋ် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up