အစိုးရနှင့် ကျောင်းသားတပ်မတော် နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိနှိုင်း
အေးနိုင်
·
May 21, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ နှစ်ရက်ဆက်တိုက်ဆွေးနွေးပါတယ်။
ကျောင်းသားတပ်မတော် အထွထွေအတွင်းရေးမှူး ဦးဆန်နီဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။
ကျောင်းသားတပ်မတော်ဘက်က အဖွဲ့ခေါင်းဆောင် ဦးဆန်နီနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။