နည်းပြအဖွဲ့နှင့် ကစားသမားများ ကောင်းမွန်သည့် ဆက်ဆံရေးရှိဟု ဘာစီလိုနာနည်းပြ ဖြေရှင်း

Barcelona's Spanish coach Quique Setien (C) gathers players during the Spanish League football match between Celta Vigo and Barcelona at the Balaidos stadium in Vigo on June 27, 2020. (Photo by STR / AFP)
978
ကစားသမားတွေနဲ့ ပြဿနာတစုံတရာမရှိဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘာစီလိုနည်းပြ ဆက်တီယန်က ဖြေရှင်းသွားပါတယ်။
ဘာစီလိုနာအသင်းဟာ ဆယ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေတာပါ။
ဆယ်တာဗီဂိုးနဲ့ ပွဲစဉ်မှာ ရေသောက်အနားပေးစဉ် လက်ထောက်နည်းပြ အီဒါဆာရာဘီယာရဲ့ ညွှန်ကြားမှုကို လီယွန်နယ်မက်ဆီက နားမထောင်ခဲ့တာကို ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရတာပါ။
ဒါ့အပြင် ပွဲအပြီး အင်တာဗျူးမှာ အဝေးကွင်း ၂ ပွဲဆက် သရေကျခဲ့တဲ့အပေါ် တိုက်စစ်မှူး ဆွာရက်ဇ်ကို မေးမြန်းရာမှာလည်း ဘာကြောင့် အဝေးကွင်း ၂ ပွဲဆက် အမှတ်လျော့ခဲ့သလဲဆိုတာ နည်းပြအဖွဲ့ဝင်တွေက လေ့လာသုံးသပ်ရမယ်ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။
အဲဒီသတင်းတွေအပေါ် မီဒီယာတွေက မေးမြန်းရာမှာ ဘာစီလိုနာနည်းပြအဖွဲ့နဲ့ ကစားသမားတွေကြား ဘာပြဿနာမှ မရှိဘဲ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ နည်းပြဆက်တီယန်က ကာကွယ်ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့ အက်သလက်တီကိုနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။