A d v e r t i s e m e n t With Us

ဝေါမြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးဟာ  ဇွန် ၂၉ ရက် ည  ၁၁ နာရီကျော်က ဝေါမြို့ ချမ်းမြသာစည်ရပ်ကွက်အနီး ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဝေါမြို့နယ် မြို့မရဲစခန်းက သိရပါတယ်။ ဝေါမြို့ ဒေသခံ ဦးမျိုးမြတ်က “အဲဒီညက ထမင်းကြော် စားဖို့ဆိုပြီး ၀န်ထမ်းတစ်ယောက်နဲ့အတူ WINNER စားသောက်ဆိုင်ကို ဆိုင်ကယ်နဲ့ သွားတယ်။ ဆိုင်ကယ်ကို ကားလမ်းရဲ့ ယာဘက်မှာရပ်ခဲ့ပြီး ကားလမ်းကူးသွားနေတုန်း မှန်လုံကားတစ်စီးက ၀င်တိုက်သွားတာပဲ ကားကတော့ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းမှာ နေထိုင်ပြီး အမျိုးသမီးက နေပြည်တော်မှာနေထိုင်ပါတယ်။ ဝေါမြို့မရဲစခန်းကတော့ ထွက်ပြေးသွားတဲ့ယာဉ်နဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် မြို့အ၀င်အထွက်က CCTV မှတ်တမ်းတွေကနေတဆင့် စုံစမ်းရှာဖွေနေပါတယ်။ အောင်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up