ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူနှင့် သေဆုံးသူထပ်တိုးလာ 

ဘရာဇီးနိုင်ငံမှာ ဇွန်လ ၂၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၂၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၂၇ ဦး ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၂၈ ရက်နေ့ကလည်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃၀၀၀၀ နီးပါးနဲ့ သေဆုံးသူ ၅၅၅ ဦးအထိ ရှိခဲ့တယ်လို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တနိုင်ငံလုံးမှာတော့ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၁ ဒသမ  ၃၇ သန်း ကျော်၊ သေဆုံးသူ ၅၈,၀၀၀ နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ သိန်းခွဲကျော်ရှိပြီလို့ သိရပါတယ်။ နိုင်ငံရဲ့ လူဦးရေအများဆုံး ပြည်နယ်ဖြစ်တဲ့ ဆော်ပေါ်လိုက အထိခိုက်ဆုံးဖြစ်ပြီး ၂၇၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄၀၀၀ ကျော်၊ ရီယိုဒီဂျနေးရိုးက အတည်ပြုလူနာ ၁၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၈၁၉ ဦး ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ရီယိုဒီဂျနေးရိုးမှာ ၃ လကျော်ကြာ ပိတ်ထားတဲ့ စတိုးဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ဆိုင်တွေကို မနေ့က ပြန်ဖွင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up