Home
မြန်မာသတင်း
လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမား ၇၅ ဦးကို ထိုင်းက ပြန်လည်လွှဲပြောင်း
DVB
·
June 29, 2020
Burmese Migrant Worker4
Burmese Migrant Worker3
Burmese Migrant Worker2
Burmese Migrant Worker1
Burmese Migrant Worker
လူကုန်ကူးခံခဲ့ရပြီး ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမား ၇၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ ပြန်လည်လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမား ၇၅ ဦးဟာ လူကုန်ကူးခံရပြီးနောက် မလေးရှားနယ်စပ် လနောင်းနဲ့ နိုးထပ်ဘုရီခရိုင်တို့မှာ ထိန်းသိမ်းခံထားရတာပါ။ မြန်မာနိုင်ငံသား ကျား ၇၄ ဦး၊ မ ၁ ဦး၊ ပေါင်း ၇၅ ဦးတို့ကို  ထိုင်းနိုင်ငံ၊ တာ့ခရိုင် လဝက တာဝန်ရှိသူတွက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှဲပြောင်းပေးခဲ့တာလို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဒုညွှန်မှူး ဦးကျော်စွာက ပြောပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမား ၇၅ ဦးကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နဲ့ ဌာနဆိုင်ရာတွေက  ကြိုဆိုခဲ့ကြပြီး ကျန်းမာရေးဌာနက ဆေးစစ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကာလမှာ ထိုင်းနိုင်ငံရောက် လူကုန်ကူးခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပြန်လည်လွှဲပြောင်းတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024