Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲ လူဦးရေများသဖြင့် ကန့်သတ်ခံရ
DVB
·
June 29, 2020
104777303_3243318312392305_6121518684527380252_n
ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး နိုင်ငံရေးပါတီတချို့နဲ့ ဇွန် ၂၉ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို တာဝန်ရှိသူတွေက လာရောက်ကန့်သတ်ခဲ့တယ်လို့ ဟိုတယ်ပိုင်ရှင်ဦးဌေးအောင်က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်မဲ့ လူဦးရေများလာတဲ့အတွက် အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲကို လာကန့်သတ်ခဲ့တာလို့ ဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဇွန် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေတွေ့ဆုံပွဲ နောက်ဆက်တွဲအခြေအနေတွေကို ရှင်းလင်းမှာလို့ သိရပါတယ်။ အာဏာပိုင်တွေကိုယ်တိုင်က လူရာချီတဲ့ပွဲတွေပြုလုပ်ပြီး ဥပဒေကိုချိုးဖောက်နေပေမယ့် ကျတော်တို့ပြည်သူတွေကိုတော့ ကန့်သတ်နေပါတယ်လို့ ဦးဌေးအောင်ကပြောပါတယ်။ ဒီနေ့မွန်းလွဲပိုင်း ကျင်းပမဲ့ သတင်းစာရှင်းပွဲမှာတော့ မီဒီယာတွေဟာ ဗွီဒီယိုကနေတဆင့်ပဲ သတင်းယူရတော့မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024