လယ်ယာမြေ မှတ်ပုံတင်ခွင့်မရ

လယ်ယာမြေ ဥပဒေ အတည်ဖြစ်ပြီးနောက် လယ်သမားတွေအနေနဲ့ သူတို့လုပ်ကိုင်နေတဲ့ လယ်တွေကို မှတ်ပုံတင်ခွင့်ပေးနေပြီဖြစ်ပေမယ့် တကယ့်အောက်ခြေမှာတော့ လယ်သမားအများစု မှတ်ပုံတင်ခွင့် မရသေးဘူးလို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မစုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။ လယ်သမားတွေအနေနဲ့ လယ်ယာမှတ်ပုံတင်ဖို့ သက်ဆိုင်ရာ ရုံးတွေကိုသွားတဲ့အခါ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မှတ်ပုံတင်ရင် ရေးသားဖြည့်စွက်ရတဲ့ ပုံစံ ၁ စာရွက် တွေကို အထက်က ချမပေးသေးဘူးလို့ အကြောင်းပြကြောင်း ဆိုပါတယ်။ ဒီလို မှတ်ပုံတင်ခွင့် မရတာဟာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်သမားတွေတင်မက အခြား လယ်သမားတွေပါ ကြုံနေရတယ်လို့ သူက ရှင်းပြပါတယ်။ ရန်ကုန်မှာဆိုရင် ကော့မှူး၊ ထန်းတပင်၊ လှိုင်သာယာမြို့နယ်က လယ်သမားတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လယ်သမားတွေလည်း မှတ်ပုံတင်ဖို့ ခက်ခဲနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

//
More News
Up