A d v e r t i s e m e n t With Us

ကိုယ်စားလှယ်လောင်းများ တည်ဆဲဥပဒေ၊ နည်းဥပဒေကို လေ့လာကြရန် မွန်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပြင် တည်ဆဲ  ဥပဒေ၊ နည်းဥပဒေတွေကို ကျေကျေညက်ညက် လေ့လာထားကြဖို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေ စတင်လုပ်ဆောင်နေတာပါ။ ကိုယ်စားလှယ်လောင်းတွေကို လာမယ့်လအတွင်း ပါတီအများစုက အပြီးရွေးချယ်သွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ကျေကျေညက်ညက် လေ့လာထားကြဖို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ပြည်သူတွေအတွက် ပေးဆပ်မယ့် စိတ်ဓာတ်မွေးထားဖို့နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီပေးဖို့ အပါအဝင် အသက်အိုးအိမ် လုံခြုံရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ မွန်ပြည်နယ်ရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိဟာ လာမယ့် ရွေးကောက်ပွဲမှာတော့ လူငယ်တွေကို နေရာပေးချင်လို့ ရွေးကောက်ပွဲဝင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဇော်လွင်ထွဋ်

A d v e r t i s e m e n t With Us

More News
Up