ပြင်သစ်ရဲတပ်ဖွဲ့ကို အမျိုးသမီးများ ထောက်ခံဆန္ဒပြ

1.3K
ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီမြို့လယ်ကောင်မှာ ရဲတပ်ဖွဲ့ကို ထောက်ခံကြောင်း ဇွန် ၂၇ ရက်က အမျိုးသမီးဒါဇင်နဲ့ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
လူမျိုးရေး ခွဲခြားမှုနဲ့ပတ်သက်ပြီး အစိုးရက ရဲတွေကို ဆက်ဆံပုံ မမျှတဘူးလို့ ခံစားရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကြားမှာ မကျေနပ်မှု ကြီးထွားလာနေပါတယ်။
လူမျိုးရေး ခွဲခြားမှုနဲ့ သံသယရှိတဲ့ အရာရှိတွေကို အပြစ်ပေးတာနဲ့ ရဲတွေရဲ့ လုပ်ကိုင်ပုံကို ပြောင်းဖို့ အစိုးရက ကြိုးစားတာတွေကို ဆန့်ကျင်ရင်း ပြင်သစ်နိုင်ငံတလွှား မြို့ကြီး မြို့လေးတွေမှာ ရဲတွေ နေ့တိုင်း ဆန္ဒပြနေပါတယ်။
လူထုရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ကြိုးစားရာမှာ လူ့အဖွဲ့အစည်းထဲ အမြစ်တွယ်နေတဲ့ ဖြစ်ရပ်အတွက် အစိုးရက ရဲတွေကို ဓားစာခံရှာနေတယ်လို့ ရဲသမဂ္ဂတွေက စွပ်စွဲပါတယ်။
အမေရိကန်မှာ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအပြီး ကမ္ဘာတလွှား ရဲတွေရဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် ဒေါသထွက်ကြလို့ ပြင်သစ်နိုင်ငံထဲမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပါရ်ရဲဌာနချုပ်တွေ အပြင်ဘက်မှာ ဆန္ဒပြနေသူထဲက အများအပြားဟာ ရဲအရာရှိတွေရဲ့ ဇနီးသည်တွေ လက်တွဲဖော်တွေပါ။
ရဲတွေကို အသရေဖျက်တာ မမျှတဘူးလို့လည်း တချို့က ပြောပါတယ်။
ဇွန်လ ၂၆ ရက်ကလည်း ၂၀၁၅ အစ္စလာမစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၉၀ လောက် သေဆုံးခဲ့ရဖူးတဲ့ ဘာတာကလန် ဖျော်ဖြေရေးခန်းမအပြင်မှာ ရာချီတဲ့ရဲတွေ ဆန္ဒပြခဲ့ကြပါတယ်။