A d v e r t i s e m e n t With Us

ဆန်စပါးအသင်း ပြန်လည်ဖွဲ့စည်းမည်

(Photo_ Reuters)
လာမယ့် ဇွန် ၂ ရက်နေ့မှာ ကျင်းပမယ့် ဆန်စပါးအသင်းညီလာခံမှာ အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အပါအ၀င် အလုပ်အမှုဆောင်အားလုံး နုတ်ထွက်ပြီး အသစ် ပြန်လည်ရွေးကောက်တင်မြှောက်သွားမယ်လို့ လက်ရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ အရင်တခေါက် အမှုဆောင်ရွေးချယ်ပွဲမှာ ရန်ကုန်က လူတွေပဲ ရွေးချယ်ခံရလို့ ဝေဖန်မှုတွေ ရှိခဲ့ပြီး ဒီတခေါက်တော့ ဒီမိုကရေစီနည်းကျ စနစ်တကျ ရွေးချယ်တင်မြှောက်သွားမယ်လို့ သူက ပြောပါတယ်။ ညီလာခံကိုယ်စားလှယ် ၂၄၅ ယောက်ဟာ ပထမ အလုပ်အမှုဆောင်ရွေးမယ်၊ အဲဒီ လူတွေကမှ ဗဟိုအလုပ်အမှုဆောင်ရွေးမယ်၊ အဲဒီ လူတွေကမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို ပြန်ပြီး မဲပေးရွေးချယ်မယ်လို့ ရှင်းပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up