A d v e r t i s e m e n t With Us

ဘိလပ်မြေ စက်ရုံဆောက်မည့်ကိစ္စ ကန့်ကွက်စာတင်

ကရင်ပြည်နယ် ဘားအံမြို့အနီး မိကရင်ကျေးရွာအနားမှာ SHREE CEMET Company က ဘိလပ်မြေ စက်ရုံဆောက်မှာကို ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ကရင်ပြည်နယ် စက်မှုဝန်ကြီးတွေကို လိပ်မူပြီး သံဃာနဲ့ ရွာသား ၁၄၀၀ ကျော်က လက်မှတ်ရေးထိုး စာတင်လိုက်ကြောင်း ပါဝင်ကူညီဆောင်ရွက်နေသူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းစေအွာက ဒီဗွီဘီကို ပြောပါတယ်။ ဒေသခံတွေ တင်ပြတဲ့စာထဲမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ရာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပါဝင်နေတာ၊ သံလွင်မြစ်ရေကို အသုံးပြုမှာမို့ စွန့်ထုတ် အညစ်အကြေးတွေကြောင့် မြေအောက်ရေ ညစ်ညမ်းနိုင်တာနဲ့ ဘိလပ်မြေ စက်ရုံဆောက်မယ့်သူဟာ ဒေသခံလုပ်ငန်းရှင်မဟုတ်တာ စတဲ့ အချက် ၇ ချက်ပါဝင်တယ်လို့ သူက ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း လက်ရှိ ဘိလပ်မြေစက်ရုံ ၂ ရုံတည်ဆောက်ဖို့ လုပ်နေပြီး လယ်သိမ်း ယာသိမ်းကိစ္စတွေလည်း မဖြေရှင်းပေးနိုင်သေးတဲ့ အခြေအနေအောက်မှာ နောက်ထပ် ဘိလပ်မြေ စက်ရုံ ထပ်မဆောက်သင့်သေးဘူးလို့ ဒေါ်နန်းစေအွာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up