ယူနိုက်တက်အသင်းဆီ မပြောင်းဖြစ်သည့်အကြောင်း ရိုဒရီဂွတ်ဇ် ပြန်ပြော

မန်ချက်စတာယူနိုက်အသင်းမှာ လာရောက်ကစားဖို့ ရည်ရွယ်ချက်ရှိပေမယ့် ကစားသမားဘဝ အစောပိုင်းကာလမှာ ယူနိုက်တက်ဆီ သွားရောက်ကစားဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့တယ်လို့ ဂျိမ်းရိုဒရီဂွတ်ဇ်က ဝန်ခံပြောဆိုလိုက်ပါတယ်။  ကိုလံဘီယာလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်  ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်သီးကလပ်အသင်းကြီးတွေမှာ ကစားခွင့်ရရှိခဲ့ပြီး ကောင်းမွန်တဲ့ ကစားသမားဘဝကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။  ဟားမတ်ရိုဒရီဂွတ်ဇ်ဟာ ကစားသမားဘဝကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီအသင်းမှာ ခြေစွမ်းပြသမှုနဲ့အတူ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ ကစားသမားအဖြစ်ထင်ရှားလာခဲ့ပါတယ်။  အဲဒီနောက်မှာတော့ သူ့ကို ယူနိုက်တက်အသင်းက တော်တော်လေးစိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ပေမယ့် ကစားသမားကတော့ မိုနာကိုအသင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။  ဖာဒီနန်ရဲ့ The Locker Room အစီစဉ်မှာ ရိုဒရီဂွတ်ဇ်က “ဟုတ်တယ်ဗျ၊ အဲ့ဒီတုန်းက ကျနော်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျနော့်မန်နေဂျာဖြစ်တဲ့ ဂျော့မန်ဒတ်ဟာ ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတခု ရှိထားတာလည်း ပါတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရဖို့က ကျနော့်အိပ်မက်ပါ။ ငယ်ဘဝကတည်းက ကျနော် ယူနိုက်တက်အသင်းကို အားကျခဲ့ရပါတယ်။ ဒီအသင်းက ရီယိုဖာဒီနန်၊ ရွိုင်ယန်ဂစ်နဲ့ ပေါ်လ်စခိုးလ်တို့ကို ကျနော် အမြဲစောင့်ကြည့်ခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီနှစ်မှာပဲ ကျနော် ယူနိုက်တက်အသင်းကို ပြောင်းချင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ ကျနော့်အစီအစဉ်ကတော့ သိပ်မကြီးတဲ့အသင်းတစ်သင်းမှာ ပုံမှန်ကစားခွင့်ရပြီးတော့ ကမ္ဘာ့ဖလားပွဲအတွက် ရွေးချယ်ခံရမယ်။ ကမ္ဘာ့ဖလားမှာခြေစွမ်းပြဂိုးတွေသွင်းပြီးတော့ ပိုကြီးမားတဲ့ အသင်းတခုကို ပြောင်းဖို့ပါပဲ။ ဒီလိုနဲ့ပဲ ကျနော် ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပါတယ်” လို့ ပြောပါတယ်။  မိုနာကို အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း ရိုဒရီဂွတ်ဇ်က အခုလို ရှင်းပြပါတယ်။ “အဲဒီအချိန်မှာ ကျနော့်အသက်က ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ကျနော် ပြင်သစ်မြေကို ရောက်တယ်။ အဲဒီတုန်းက မိုနာကိုအသင်းဟာ ပရောဂျက်အသစ်တခုရှိနေပြီး သူတို့ဟာ ဖယ်လ်ကာအို၊ မော်တင်ဟို၊ အဘီဒယ်လ်နဲ့ တခြားနာမည်ကြီးကစာသမားတွေကိုလည်း ခေါ်ယူထားပါတယ်။ အဲဒီမှာ တစ်နှစ်၊ နှစ်နှစ်လောက်နေပြီးတော့ ဒီကစားသမားတွေဆီကနေ သင်ယူလေ့လာပြီး ကျနော့်ကစားသမားဘဝအတွက် နောက်ထပ်အသင်းကြီးတစ်ခုကို ပြောင်းရွှေ့ဖို့ စိတ်ကူးခဲ့တာပါပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up