Home
မြန်မာသတင်း
ထိုင်းနှင့်အိန္ဒိယက ပြန်လာသူ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
June 28, 2020
ဇွန် ၂၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၉၆၅ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၁၂၈ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၉၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ က ဓာတ်ခွဲနမူနာ ၁၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၉၆၅) ခုအား စစ်ဆေးခဲ့တာပါ။ လူနာသစ် ၃ ဦးဟာ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့က ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က အသက် ၁၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို ဘားအံပြည်သူ့ဆေးရုံနဲ့ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတို့မှာ ကုသမှုခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၆ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၆ ဦးရှိပြီး အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ရသူ ၂၀၂ ဦးကို သတ်မှတ် နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024