လက်ကျန်ပွဲစဉ်များတွင် ရီးရဲလ် အမှတ်လျော့နိုင်ဟု ဘာစီလိုနာနည်းပြ သုံးသပ်

လက်ကျန်ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်အသင်း အမှတ်လျော့နိုင်သေးတယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောပါတယ်။  ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ လက်ကျန်ပွဲစဉ် ၇ ပွဲအလိုမှာ ရမှတ်တူညီနေပေမယ့် ရီးရဲလ်မက်ဒရစ်က ထိပ်တိုက်တွေ့ဆုံမှုအသာနဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်နေတာပါ။  “လက်ကျန်ပွဲစဉ်တွေအားလုံးကို အနိုင်ကစားဖို့ဆိုတာ ၂ သင်းစလုံးအတွက် အခက်အခဲရှိပြီး လက်ကျန်ပွဲစဉ်တွေမှာ ဘာမဆိုဖြစ်သွားနိုင်တယ်” လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က သုံးသပ်ပါတယ်။  လက်ကျန်ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်က ဘီလ်ဘာအို၊ ဗီလာရီးရဲလ် အသင်းတွေနဲ့ ကစားဖို့ရှိပြီး ဘာစီလိုနာက အက်သလက်တီကိုမက်ဒရစ်၊ ဗီလာရီးယဲလ် အသင်းတို့နဲ့ ပွဲစဉ်တွေ ကျန်ရှိပါတယ်။  ဘာစီလိုနာအသင်းဟာ စနေနေ့မှာ ဆယ်တာဗီဂိုနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။ ဆယ်တာဗီဂိုမှာ အရည်အ‌သွေးမြင့်ကစားသမားတွေရှိလို့ ခက်ခဲတဲ့ပွဲဖြစ်လာလိမ့်မယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up