DVB Logo
Home
မြန်မာသတင်း
ကရင်လူမျိုးများ ပိုမိုစည်းလုံးရန် လုပ်ဆောင်သွားမည်ဟုဆို
DVB
·
May 20, 2013
Donate to DVB

ကရင်လူမျိုးတွေအကြား ပိုပြီးစည်းလုံးညီညွတ်ဖို့နဲ့ လက်နက်ကိုင်တွေအကြား ပဋိပက္ခ္ခမဖြစ်ရေးအတွက် အဓိကထားလုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မှာ မေလ ၁၈ နဲ့ ၁၉ ရက်၊ နှစ်ရက်တာ ကျင်းပတဲ့ ကော်မတီစုံညီအစည်းဝေးမှာ သဘောတူခဲ့ကြတာလို့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ငြိမ်းချမ်းရေး ကော်မတီဝင် စောမက်သယူးအေးက ပြောပါတယ်။

“အဓိကရည်ရွယ်ချက်က ကရင်လူမျိုးစုတွေ ပိုပြီး စည်းလုံးညီညွတ်မှုရှိဖို့၊ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခထပ်မဖြစ်ပွားဖို့ပါ။ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးလုပ်ရာမှာလည်း ပိုပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ပေါ့။ အခုတော့ ကျနော်တို့ ဒေသန္တရအလိုက် တွေ့ဆုံပွဲတွေလုပ်မယ်။ နောက်တဆင့်မှာ ပြန်လည်စုပေါင်းပြီး ကရင်အမျိုးသားတရပ်လုံးတွေ့ဆုံပွဲ ပြန်လုပ်ဆောင်ဖို့ရှိပါတယ်၊ ပြည်တွင်းပြည်ပ ကရင်တွေအားလုံးပါမယ်။”

ဒီကော်မတီကို ကေအန်ယူခေါင်းဆောင်တွေအပါအ၀င် တခြားကရင်လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပါအ၀င် အဖွဲ့ဝင် ၃၇ ဦးနဲ့ မတ်လကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကော်မတီစုံညီအစည်းအဝေးမှာ ကရင်အမျိုးသားအားလုံးပါဝင်တဲ့ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ကရင်တိုင်းရင်းသားတွေ ဘေးကင်းလုံခြုံစွာနေနိုင်ဖို့နဲ့ လူနေမှုဘ၀မြင့်တက်ဖို့ကိစ္စတွေ ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဦးစားပေးလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် ၁၀ ချက်ကို ချမှတ်ခဲ့ရာမှာ နိုင်ငံတ၀န်းက ကရင်လူမျိုးတွေ အချင်းချင်း တွေ့ဆုံနိုင်ရေး၊ ကရင်ရေးရာအကြောင်းတွေကို စုစည်းသုံးသပ်မှတ်တမ်းတင်ရေး၊ ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့၊ ပြည်တွင်းနဲ့ ပြည်ပက ကရင်ပညာရှင်တွေရဲ့ ပံ့ပိုးမှုကို ဖိတ်ခေါ်အားပေးရန်စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကို ကရင်ပြည်နယ် ဘားအံမြို့မှာ မတ်လကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကရင်ရေးရာအစည်းအဝေးအတွင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013