A d v e r t i s e m e n t With Us

RCSS/SSAက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လူထု ပရိတ်သတ်ရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ RCSS/SSA တပ်ရင်းတပ်ဖွဲ့တွေက ကျောက်မဲနယ်နဲ့ သီပေါမြို့နယ်အတွင်းမှာ ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။ RCSS/SSA ဗဟိုဌာနချုပ်နယ်မြေနဲ့ အုပ်ချုပ်ရေးနယ်မြေတွေမှာ ၂၀၁၉-၂၀၂၀ ခုနှစ် အတွင်း ဘိန်းမဲ ၄၇ ဒသမ ၁၁၇ ကီလိုဂရမ်၊ ဘိန်းဖြူ ၃၀ ဒသမ ၁၃ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၆၈၂၄၆၁ ပြား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂၉၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ သတင်း-ခွန်ဇော်ဦး

A d v e r t i s e m e n t With Us

More News
Up