Home
မြန်မာသတင်း
၈၈ မျိုးဆက် အသင်းအဖွဲ့မှတ်ပုံတင်မည်
နော်နိုရင်း
·
May 20, 2013
524924_358047317634195_1911146601_n
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း အသင်းအဖွဲ့အနေနဲ့ မှတ်ပုံတင်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအံ့ဘွယ်ကျော်က ပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကနေ လွတ်မြောက်လာကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ မျိုးဆက် ကျောင်းသားအမည်နဲ့ လှုပ်ရှားခဲ့ကြရာက လွန်ခဲ့တဲ့နှစ်ပိုင်းမှာတော့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ ရပ်တည် လှုပ်ရှားနေပါတယ်။ မှတ်ပုံတင်ခြင်းအားဖြင့် လက်ရှိ ၈၈ ကျောင်းသားအဖွဲ့ကနေပြီး လုပ်ဆောင်နေကြတဲ့ လူမှုရေးလုပ်ငန်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နိုင်ရေးနဲ့ စည်းစနစ်တကျ လုပ်ဆောင်နိုင်ရေးတွေကို ရည်ရွယ်ပြီး လာမယ့်ဇွန်လမှာ မှတ်ပုံတင်မယ်လို့ ဦးအံ့ဘွယ်ကျော်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024