A d v e r t i s e m e n t With Us

အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း ထုတ်ပြန်

အစိုးရအဖွဲ့ကနေ လွှတ်တော်ကို ပေးပို့ခဲ့တဲ့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေမူကြမ်း” ကို အများပြည်သူ လေ့လာနိုင်ဖို့အတွက် မေ ၂၀ ရက်နေ့ နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြလိုက်ပါတယ်။ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား လုပ်ငန်းတွေကို အစိုးရလက်အောက်မှာ မဟုတ်ပဲ လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတခုအောက် လွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို မူဝါဒချမှတ်ဖို့ ထိန်းကျောင်းကိုင်တွယ်ဖို့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ကောင်စီတရပ်ကို အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပြီး သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ၅ ယောက်စီ အမည်စာရင်း ပေးရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီ ကောင်စီကနေမှ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး လုပ်ငန်း လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒီ မီဒီယာဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်တွေကို အစိုးရ ဘတ်ဂျက်ကနေ ကျခံ သုံးစွဲရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up