လားရှိုးမြို့နယ်၌ ငွေကျပ် ၆၀၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စု၊ တာပုံ - ဝ နားဖ - မိုင်းယော် လမ်းမအနီးရှိ ဘောလုံးကွင်းမှာ ဒီကနေ့ ဇွန်လ ၂၆ ရက် မနက်က ငွေကျပ် ၆၀၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၁၉ သန်းကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် လွယ်ခန်ကျေးရွာအနီးတဝိုက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
Photo - Thein Min Tun / MPA