တန်ဖိုးနည်းဆင်းကတ် ရရှိရန် ညကတည်းက စောင့်ဆိုင်း (ဓာတ်ပုံ)
DVB
·
May 20, 2013
ဒီနေ့ ဒုတိယအကြိမ်မြောက် ရောင်းချပေးမယ့် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်တွေကို မေ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်ကတည်းက မန္တလေးမြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။
ရပ်ကွက်ရုံးတွေမှာ စုံစမ်းမေးမြန်းကြည့်တဲ့အခါ မေ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ချထားပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ အထက်အမိန့်အရ ရောင်းချမယ့် ပုံစံတွေလည်း ပြောင်းသွားနိုင်တယ်လို့ ဖြည့်စွက် ပြောကြားသွားပါတယ်။
(သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ) Read more