Home
Lead Story
ဆောင်းဦးလှိုင်ရေးပြီး ထိပ်တန်းအမျိုးသမီးတေးသံရှင် ၅ ဦးသီဆိုသည့် ဒို့ကမ္ဘာသီချင်း (ရုပ်သံ)
DVB
·
June 26, 2020
       လတ်တလော ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အနုပညာရှင်တွေက သီချင်းဂီတအနုပညာနဲ့ အားလုံးအတွက် စိတ်ခွန်အားပေးနေကြချိန်မှာ ဒို့ကမ္ဘာအမည်နဲ့ သီချင်းတပုဒ် ထပ်မံထွက်ရှိလာခဲ့ပါတယ်။        ဒီသီချင်းကိုတော့ တေးရေးတေးဆို တယောက်ဖြစ်တဲ့ ဆောင်းဦးလှိုင်က ရေးစပ် ပေးထားခဲ့တာဖြစ်ပြီး ထိပ်တန်းအမျိုးသမီးတေးသံရှင် ၅ ယောက် ဖြစ်ကြတဲ့  မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင် နဲ့ ဆုန်သင်းပါရ်တို့က ထူးထူးခြားခြားတွဲဖက် သီဆိုထား ခဲ့ကြတာ ဖြစ်ပါတယ်။        “တလောကလုံးအမှောင်ကျ… ကြယ်ရောင်တွေ မမြင်တဲ့ဘဝ… မကြာခင် နေ့သစ် တနေ့တော့ ရောက်ရဦးမှာပါ… ဝမ်းနည်းပက်လက်နဲ့ မျှော်လင့်ချက်မဲ့ နေသလားကွယ် … တချို့ရဲ့ ဘဝက တို့ထက်ပိုဆိုးတယ်… အပြုံးမပျက် နေပါ ကမ္ဘာကြီးထဲ… ရှင်သန် မယ် အမှန်တရားအတွက်… အဆိုးအကောင်း အနိုင်နဲ့ အရှုံးတလှည့်… လူ့ဘဝ ဘာတွေ သေချာလို့လဲ… ဘာတွေသေချာလို့လဲ”        ဒီသီချင်းကိုတော့ Tay Than Thar Music ကတဆင့် ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး ထွက်မလာခင်ကတည်းက ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။        အသံပါဝါအား၊ သီဆိုဟန်တွေ မတူညီကြတဲ့ စီနီယာ၊ ဂျူနီယာ ထိပ်တန်းအဆို တော် ၅ ယောက်ရဲ့ အားပြိုင်သီဆိုဟန်နဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တေးသွားစာသားတွေဟာ လိုက်ဖက်ညီနေခဲ့တာကို တွေ့ရပါတယ်။        “ကယ်တင်မယ့် လက်များ… ထာဝစဉ် မေတ္တာထား… စာနာငဲ့ညှာတတ်အောင် မင်း အမြဲကြိုးစားထား… ငိုနေသံတွေ တိတ်သွားအောင်… နာကျင်စရာတွေ ရပ်သွား အောင်… ကမ္ဘာမှာလိုတာ အဆုံးမရှိတဲ့ ကရုဏာများ… ကယ်တင်မယ့် လက်များ… ထာ ဝစဉ် မေတ္တာထား… စာနာငဲ့ညှာတတ်အောင် မင်း အမြဲကြိုးစားမလား… ငိုနေသံတွေ တိတ်သွားအောင်… နာကျင်စရာတွေ ရပ်သွားအောင်… ကမ္ဘာမှာလိုတဲ့ အဆုံးမရှိတဲ့ ကရုဏာတရား”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024