DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးဆွေးနွေးမည်
DVB
·
May 20, 2013
ကေအိုင်အိုနှင့် အစိုးရ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးဆွေးနွေးမည်
Donate to DVB

မကြာသေးခင်လတွေက တဖက်နဲ့ တဖက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အခုလကုန်ပိုင်း မေ ၂၈ ရက်လောက်မှာ ပြန်စဖို့ ရှိတယ်လို့ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အိုငြိမ်းချမ်းရေးအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ   ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို   ဒီတခေါက်မှာ ပြည်ပမှာ ကျင်းပမှာမဟုတ်ဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ်လို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

[caption id="attachment_38197" align="alignleft" width="300" caption="အစိုးရနှင့် ကေအိုင်အို မတ်လ ၁၁ ရက်နေ့က ရွှေလီတွင်တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ- Hla Maung Shwe)"][/caption]

“အကြမ်းဖျင်းတော့ ဒီလ ၂၈ ရက်နေ့လောက်မှာ မနောကွင်းမှာလုပ်ဖို့ စီစဉ်ထားတယ်။ ဆွေးနွေးပွဲဖြစ်ဖို့တော့ ၈၅ ရာခိုင်နှုန်းတော့ရှိမယ်လို့ သုံးသပ်တယ်။ ဘာဆွေးနွေးမလဲဆိုရင် အရင်တုန်းက နှစ်ဦးသဘောတူထားတဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ လေ့လာစောင့်ကြပ်ရေးရုံး ဖွင့်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းနဲ့ ဆက်ဆွေးနွေးမလဲဆိုတာ အကြမ်းဖျင်းပေါ့။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့နဲ့ မတ် ၁၁ ရက်နေ့တွေမှာ ကေအိုင်အိုနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို  တရုတ်အစိုးရရဲ့ကမကထလုပ်ပေးမှုနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပနိုင်ခဲ့ပြီး ဒီဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် မထိုးနိုင်ခဲ့ပေမယ့်  နှစ်ဘက် စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲတွေ လျှော့ချနိုင်ရေးအပါအ၀င် သဘောတူညီချက်တချို့ ရရှိခဲ့ပါတယ်။

အခုတကြိမ်တော့ ပြည်ပမှာ မဟုတ်ဘဲ ပြည်တွင်းမှာ   ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်နိုင်ခဲ့တာနဲ့  ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ခုလိုပြောပါတယ်။

“ကချင်ပြည်နယ် မြစ်ကြီးနားမှာလုပ်ဖို့က နှစ်ဦးနှစ်ဖက်လုံးရဲ့ဆန္ဒပါ။ ကိုယ့်တိုင်းပြည်ပဋိပက္ခဖြစ်တယ်၊ ကချင်ပြည်နယ်မှာလုပ်တယ်ဆိုတော့ နှစ်ဖွဲ့ကြား ပိုယုံကြည်မှုရှိလာတဲ့ သဘောဆောင်ပါတယ်။ ဟိုအရင်က နှစ်ဖက်ကြား ပဋိပက္ခအရှိန်အဟုန်မြင့်နေတော့ အထဲမှာမလုပ်နိုင်ဘဲ တိုင်းပြည်အပြင်မှာလုပ်ရတယ်ပေါ့လေ။ အခု မြစ်ကြီးနားမှာလုပ်တယ်ဆိုတော့ အရင်ကထက်စာရင် ပိုပြီးတော့ ယုံကြည်မှုတစုံတရာရှိလာတဲ့သဘောပါ။ ဘေးနိုင်ငံတွေပါလာတာထက် အဓိက နှစ်ဖက်ယုံကြည်မှုအပေါ် မူတည်ပြီး ပြည်တွင်းမှာဖြစ်လာတာပါ။”

ကေအိုင်အေနဲ့ အစိုးရအကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ပြီးခဲ့တဲ့  ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက ပျက်ပြယ်သွားပြီး  အခုနှစ်ဆန်းပိုင်းမှာ  ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီးထိ နှစ်ဘက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
အခုလက်ရှိအချိန်မှာလည်း  ကေအိုင်အေ တပ်မဟာ ၄  မူဆယ်ခရိုင်ဘက်မှာ တိုက်ပွဲငယ်တွေနဲ့ နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုတွေရှိနေဆဲပဲလို့ ကေအိုင်အို သတင်းစုဆောင်းရေးနဲ့ ဖြန့်ချိရေးကော်မတီက ဗိုလ်မှူးကြီးယော်ထုံက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013