DVB Logo
Home
မြန်မာသတင်း
သစ်အချောထည် ဆန္ဒပြခေါင်းဆောင်များ ထောင်တွင်း အဆင်မပြေ
DVB
·
May 17, 2013
Donate to DVB

အင်းစိန်ထောင်ကြီးချုပ်မှာ ချုပ်နှောင်ခံနေရတဲ့ တော်ဝင် သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင်တွေဟာ ပြစ်ဒဏ်စီရင်တာ မခံရသေးခင်မှာ   ထောင်အာဏာပိုင်တွေက မိလ္လာနဲ့ဆက်စပ်တဲ့အလုပ်တွေ ခိုင်းစေနေတယ်လို့ မိသားစုတွေက ပြောပါတယ်။

ဒီအလုပ်သမားတွေကို မေ ၁၄ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်စဉ် မိလ္လာအလုပ်တွေ လုပ်ခိုင်းတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ထောင်ဝင်စာ ဒီနေ့ သွားတွေ့တဲ့ ဖမ်းဆီးခံ အလုပ်သမားခေါင်းဆောင်တဦးရဲ့ ဖခင် ဦးသန်းနိုင်က “အိပ်ရေးနေရေး အဆင်မပြေဘူး။ သူတို့ကို အခု ခြံရှင်းခိုင်းတယ်၊ အလုပ်လုပ်ခိုင်းတယ်။ အမျိုးသားတွေဆို မိလ္လာမှာ ခိုင်းတယ်တဲ့။” လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပုံမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာစက်မှုဇုန်မှာ ရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံ လုပ်သားတွေက မနှစ် အောက်တိုဘာမှာ သူတို့အခွင့်အရေးတောင်းဆိုရာက စခဲ့တာပါ။

ကနဦးပိုင်းမှာ ခုံသမာဓိရုံးက အလုပ်သမားအခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အလုပ်ရှင်က တရားလွှတ်တော်ချူပ်ကို တင်ပြခဲ့တဲ့အတွက် အချိန် ၃ လစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီကြားကာလမှာ အလုပ်သမား ညွှန်ကြားရေးမှူးရုံးက တာဝန်ရှိသူတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီးနောက် အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ပေမယ့် မပြေလည်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာမှာတော့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံ အရာရှိတို့ ရိုက်နှက်တာတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် တရားစွဲခဲ့ကြပါတယ်။ မေလ ၁၄ ရက်နေ့ညမှာ ရဲက အလုပ်သမား ခေါင်းဆောင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၈ ဦးကို ပိုင်နက်ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းပြီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီကနေ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့တယ်လို့ အလုပ်သမားရေးရာ တာဝန်ခံ ဦးအောင်သူက ပြောပါတယ်။

“ညှိနှိုင်းလို့ရတဲ့ ဘောင်ရှိတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား အဲလောက် ကြီးကြီးကျယ်ကျယ်ကြီး ပဋိပက္ခဖြစ်ကြတယ်။ နောက်တခုက အလုပ်ရှင်နဲ့ အလုပ်သမားပဋိပက္ခတိုင်းမှာ အလုပ်သမားကနေ အလုပ်ရှင်ကို ပြန်တရားစွဲတာရှိသလို အလုပ်ရှင်ကလည်း အလုပ်သမားကို တရားစွဲတာရှိတယ်။ အပြန်အလှန်စွဲကြပါတယ်။ ဒါပေမယ့် များသောအားဖြင့် အလုပ်သမားကိုပဲ အရေးယူတယ်၊ တရားစွဲတယ်။ အလုပ်ရှင်ဘက်ကို ဘက်လိုက်ထားတဲ့ သဘောမျိုးဖြစ်နေတယ်။ အလုပ်ရှင်ဘက်ကို အလုပ်သမားတွေက တရားစွဲထားတာကိုတော့ ဘာတခုမှ အရေးယူဆောင်ရွက်ခြင်း အခုထိ မရှိဘူး။ မြန်မာနိုင်ငံမှာ ဥပဒေတော့ရှိတယ်။ ဒါပေမယ့် ဥပဒေကို လက်တလုံးခြားတင်မကတော့ဘူး၊ လက် ၂-၃ လုံးခြားလောက် ဖြစ်နေတာတွေ့ရတယ်။ ပြဿနာတခုကိုဖြစ်စေမယ့် မီးပွားမျိုးတွေ အဆောတလျင် တွေ့ကြပေမယ့် ဖြေရှင်းဆောင်ရွက်တာ မတွေ့ရဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013