ပီရူးတွင် ကိုဗစ်-၁၉ ကာလ အောက်ဆီဂျင်ပြတ်လပ်၊ မွေးကင်းစကလေး ၂ ဦး သေဆုံး

1.1K
ပီရူးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အောက်ဆီဂျင်ပြတ်လပ်တာတွေ ဖြစ်နေပြီး မွေးကင်းစက လေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
နိုင်ငံမြောက်ပိုင်း သာရာပိုတိုမြို့ ဆေးရုံတခုမှာ နှလုံးရပ်သွားတဲ့ ကလေးငယ်ကို သူနာပြုတွေက လက်နဲ့ အသက်ပြန်ရှူအောင် လုပ်ပေးနေပုံကို သူနာပြု အဲဗယ်လီယာ-ဂယ်ရာက ဖုန်းနဲ့ ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
ဗွီဒီယိုထဲမှာ အောက်ဆီဂျင် မရှိဘူးဆိုတဲ့ ပြောဆိုသံကို ကြားရပြီး ဆေးရုံတွေမှာ အောက်ဆီဂျင် ပြတ်လပ်နေတာကို လူတွေ သတိပြုမိစေဖို့ အဲဒီဖြစ်ရပ်ကို ရိုက်ကူးခဲ့တာလို့ သူနာပြု အဲဗယ်လီယာက ပြောဆိုပါတယ်။
ဆန်မာတင် ဆေးပညာကောလိပ် ဌာနမှူးကတော့ အမြွှာ ကလေးနှစ်ယောက်ဟာ သူနာပြုတွေက အသက်ရှူလာအောင် ကြိုးပမ်းပေမယ့် နောက်ပိုင်း သေဆုံးသွားတယ်လို့ ရှင်းပြခဲ့ပါတယ်။
ဒီလအစောပိုင်းကပဲ ပီရူးအစိုးရဟာ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်တင်းမှုကို အမျိုးသား အကျိုးစီပွားဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ကိုဗစ်-၁၉ ပြင်းထန်လူနာတွေမှာ အများအားဖြင့် တွေ့ရတဲ့ အသက်ရှူကျပ်တဲ့ လူနာတွေကို ကုသဖို့ အောက်ဆီဂျင်ဟာ အရေးပါလှပါတယ်။
ပီရူးနိုင်ငံမှာ နေ့စဉ် အောက်ဆီဂျင် လိုအပ်ချက် ၁၇၃ တန် ရှိနေပြီး အောက်ဆီဂျင်ကို ပြင်ပကနေ တိုးမြှင့်တင်သွင်းသွားမယ်လို့ အစိုးရက ပြောထားပါတယ်။
ပီရူးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၈,၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။