DVB Logo
Home
မြန်မာသတင်း
Nok Air လေကြောင်း မြန်မာနိုင်ငံ ခရီးစဉ် ပြေးဆွဲတော့မည်
DVB
·
May 17, 2013
Nok Air လေကြောင်း မြန်မာနိုင်ငံ ခရီးစဉ် ပြေးဆွဲတော့မည်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် Nok Air လေကြောင်းလိုင်းဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံတွင်း ခရီးစဉ်တွေကို ဒီနှစ်မကုန်မီ စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။

ဒီလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံတွင်း ခရီးစဉ်တွေမှာ တခြားလေကြောင်းလိုင်းတွေ မပြေးဆွဲတဲ့ဒေသတွေကို အဓိက ပျံသန်းမှာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ ခရီးသွားကဏ္ဍတိုးတက်ဖို့အတွက် အခွင့်အရေးကောင်းတွေ ဖြစ်သလို မြန်မာနိုင်ငံဘက်က ပြင်ဆင်ရမှာတွေလည်း ရှိသေးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးလုပ်ငန်းကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘန်ကောက်မြို့အခြေစိုက် လေကြောင်းလိုင်းကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း ခရီးစဉ်တွေအဖြစ် ထိုင်းနိုင်ငံကနေ မော်လမြိုင်၊ မန္တလေးနဲ့ ပုဂံဒေသတွေကို ပျံသန်းမှာဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အရေအတွက် နည်းပါးလွန်းသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားကဏ္ဍ တိုးတက်ဖို့ အလားအလာရှိတဲ့ ဒေသတွေက လေဆိပ်တွေဟာ လက်ရှိအချိန်မှာ အဆင့်မြှင့်တင်ရဦးမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေး ကော်မတီ တာဝန်ရှိသူ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

“စက်တင်ဘာလောက်မှာ စပြီး မဲဆောက်-မော်လမြိုင် ပျံမယ်ပြောတယ်။ မော်လမြိုင်လေယာဉ်ကွင်း၊ လေဆိပ်က အဆင့်မြှင့်မှရမယ်. အဲလို နိုင်ငံတကာလေကြောင်းလိုင်းတွေ လာဆင်းမယ်ဆိုရင်တော့။”

အခုလ ၁၆ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ဒီလေကြောင်းလိုင်းဟာ အခုနှစ် စက်တင်ဘာမှာ မဲဆောက်ကနေ မော်လမြိုင်ကို စတင်ပြေးဆွဲမယ်လို့ ဖော်ပြထားပါတယ်။ မဲဆောက်-မော်လမြိုင်ခရီးစဉ်ဟာ Nok Air လေကြောင်းလိုင်းရဲ့ မဲဆောက်ကနေ ရန်ကုန်ကို ပြေးဆွဲမယ့်ခရီးစဉ်အပြီး မကြာခင်မှာ စတင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Nor Air လေကြောင်းလိုင်းဟာ ချင်းမိုင်ကနေ မန္တလေး၊ ချင်းမိုင်ကနေ ပုဂံဒေသတွေကိုလည်း ပျံသန်းပြေးဆွဲဦးမယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်တွေသာမကပဲ Nok Air က မဲဆောက်-မော်လမြိုင်ခရီးစဉ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ ရန်ကုန်သို့လည်း ပြေးဆွဲဦးမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံက ခရီးသည်တွေနဲ့ တခြားကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုလာရောက်မယ့် အခွင့်အလမ်းတွေရရှိတော့မယ်လို့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

“Demand နဲ့ Supply ၂ ခုရှိတယ်။ Supply ကတော့ Carrying Capacity လို့ ခေါ်တဲ့ လေကြောင်းလိုင်းပျံလာရင် သူသယ်လာမယ့် seat အရ မြန်မာနိုင်ငံကိုရောက်ရှိမယ့် ဧည့်သည်အရေအတွက်က ပိုများလာမယ့် အခွင့်အလမ်းရှိပါတယ်။ ကြိုဆိုရမယ့် အကြောင်းအရာတခုပါ။ လေကြောင်းလိုင်းများများ ပြေးဆွဲရင် မြန်မာနိုင်ငံကိုလာမယ့် ဧည့်သည်အရေအတွက် ပိုများလာနိုင်တယ်။”

အခုလက်ရှိ မြန်မာနိုင်ငံဟာ အရင်အခြေအနေကထက်ပိုပြီး နိုင်ငံတကာခရီးစဉ်တွေကို တိုးချဲ့ပျံသန်းပြေးဆွဲမှုတွေ ရှိလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013