ဓာတ်ခွဲနမူနာ ၁၁၃၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
DVB
·
June 24, 2020
ဇွန် ၂၃ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၁၃၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲ နမူနာ ၈၆၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၀ ၊ စုစုပေါင်း ၁,၁၃၁ ခု အား ဒီနေ့မနက် အစောပိုင်း စစ်ဆေးပြီးစီးခဲ့တာပါ။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၆၆ ခုကို စစ်ဆေးရာမှာတော့ လူနာသစ် ၁ ဦး တွေ့ရှိခဲ့ပါတယ်။ အဆိုပါလူနာသစ်ဟာ အသက် ၃၈ အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အမျိုးသားတဦးဖြစ်ပြီး စစ်တွေမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၂၃ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၉၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သူ ၂၀၄ ဦးရှိပြီး ဒီအထဲက ဆေးရုံကဆင်းခွင့်ပြုခဲ့သူ ၁၉၀ ဦး ရှိသွားပြီဖြစ်ပါတယ်။