နမ့်ခမ်းဘက်က ရှမ်းဒုက္ခသည် အိမ်ထောင်စု ၂၉၀ ခန့် ပြန်လာ

ပြီးခဲ့တဲ့ရက်ပိုင်း ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အနားက အက်စ်အက်စ်အေတောင်ပိုင်း တပ်ရင်း ၇၀၁ စခန်းကို အစိုးရတပ်ဘက်က ၀င်ရောက်တိုက်ခိုက်စဉ် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရှမ်းတိုင်းရင်းသား ဒုက္ခသည် ၁၃၀၀ ၀န်းကျင်အနက် ရွာ ၃ ရွာက အိမ်ထောင်စု ၂၉၀ လောက် ကိုယ့်နေအိမ် ကိုယ်ပြန်လာကြပြီလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်ပါတီက  လွှတ်တော်အမတ် ဒေါက်တာစိုင်းကျော်အုန်းက ဒီဗွီဘီကို ပြောပါတယ်။ နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာ၊ နောင်ခမ်းကျေးရွာနဲ့ မန်ကွန်ကျေးရွာကို ပြန်ဝင်လာ တဲ့ ရွာသူရွာသားတွေကို အစိုးရတပ် ဗျူဟာမှူးကိုယ်တိုင် ကြီးကြပ်နေရာချထားပေးပြီး အိမ်ထောင်စု ၁ စုကို  ဆန် ၅ ပြည်စီ ထောက်ပံ့ပေးတယ်လို့ သူက ပြောပါတယ်။ ပျက်စီးသွားတဲ့နေအိမ်တွေကိုလည်း စည်ပင်က ပြန်လည် ပြင်ဆင်ပေးထားပြီး မကြာမီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေ လာရောက်ပြီး ကူညီ ထောက်ပံ့မှုတွေ လုပ်ပေးမယ်လို့ ဒေါက်တာ စိုင်းကျော်အုန်းက ပြောပါတယ်။

//
More News
Up