DVB Logo
Home
သတင်းတို
မဟာစင်မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ၁၄ ဦး သေဆုံး
DVB
·
May 17, 2013
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသကို ၀င်ရောက်တိုက်ခတ်သွားတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄ ဦး သေဆုံးသွားပြီး လူ ၁ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြောပါတယ်။

မုန်တိုင်းဟာ မေ ၁၆ ရက်နေ့က ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ တိုက်ခတ်သွားတာဖြစ်ပြီး မိုးသက်လေပြင်းတွေ ကျရောက်ကာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ လူနေအိမ်တွေဟာ ရွှံ့၊ ကောက်ရိုး၊ သွပ်တွေနဲ့ ဆောက်လုပ်ထားတာကြောင့်  စစ်တကောင်း မြို့နယ်ထဲမှာ ရွှံ့နဲ့ ဆောက်လုပ်ထားတဲ့နေအိမ်  ၁ သောင်းခွဲလောက် ပျက်စီးသွားတယ်လို့  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ရေနစ်တာနဲ့ သစ်ပင်တွေလဲကျပြီး ပိတာတွေကြောင့် အသက် ဆုံးရှုံးခဲ့ကြရတာပါ။ မုန်တိုင်းမတိုက်ခင်မှာ ကမ်းရိုးတန်းတလျှောက်နေထိုင်တဲ့ လူပေါင်း ၁ သန်းလောက်ဟာ စာသင်ကျောင်းတွေ၊ ကောလိပ်တွေနဲ့ ဆိုင်ကလုန်း ဘေးနားခိုရာအဖြစ် ဆောက်လုပ်ထားတဲ့နေရာ ၃၀၀၀ လောက်မှာ ညအိပ်ခိုနားခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးဇလဌာနကတော့ မုန်တိုင်းဟာ စိုးရိမ်သလောက် အပြင်းအထန် တိုက်ခတ်ခဲ့ခြင်း မရှိကြောင်း လေဖိအားနည်းရပ်ဝန်းအဖြစ် လျော့ကျသွားပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ကို ဦးတည်သွားတဲ့အတွက် ကံကောင်းသွားတယ်လို့ ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ၈ ဦး လောက် သေဆုံး သွားပါတယ်။ မုန်တိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းက မြို့တွေကို ၀င်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပေမယ့် လမ်းကြောင်းပြောင်းသွားတဲ့အတွက် မုန်တိုင်း တိုက်ရိုက်ဝင်ရောက်ခဲ့ခြင်း မရှိဘဲ  ထိခိုက်သေဆုံးသူ မရှိဘူးလို့  ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မုန်တိုင်းမတိုင်ခင်ကတော့ လှေနဲ့ ထွက်ပြေးတဲ့ မြန်မာအစိုးရက ဘင်္ဂလီလို့ ခေါ်ဆိုသူ မိသားစုတချို့ လှေမှောက်ပြီး ရေနစ်သေဆုံးမှု ရှိခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ မဟာစင်  မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက  လူပေါင်း ၈ ဒဿမ ၂ သန်းလောက် အသက် ဘေးနဲ့ ကြုံရမယ့် အခြေအနေရှိတယ်လို့ ကြိုတင်သတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013