Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင်  မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ) 
DVB
·
June 23, 2020
104660330_288837809148288_2998664117062898774_n
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှာ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို  ဒီနေ့မနက်က ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အလွန်ရှိ ကွင်းပြင်မှာ ဖျက်ဆီးပွဲကျင်းပပါတယ်။ (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သက်ဆိုင်ရာက  အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးရာမှာ မူးယစ်ဆေးဝါးတွေ၊ ထိန်းချုပ် ဓာတုပစ္စည်းတွေနဲ့  ဓာတ်ခွဲခန်းသုံး ဖန်ပေါင်းချောင်တွေ၊ မူးယစ်ဆေးဝါးရောစပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဂတ်စ်အိုးနဲ့ ဂတ်စ်မီးဖိုတွေလည်းပါဝင်ပြီး  ကာလတန်ဖိုး စုစုပေါင်း ကျပ်ငွေ ၃ ဒသမ ၃၈ ဘီလီယံ ကျော်ဖိုး ရှိပါတယ်။ Photo - Thein Min Tun / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024