ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း ဘရာဇီးထက် မက္ကဆီကို ပိုများလာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရက်အတွင်း လူသေဆုံးနှုန်းမှာ မက္ကဆီကိုနိုင်ငံက ဘရာဇီးနိုင်ငံကို ဇွန် ၂၁ ရက်မှာ ကျော်တက်သွားပါတယ်။ မက္ကဆီကိုမှာ ဇွန် ၂၁ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံရသူ ၅,၃၄၃ ယောက်ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁၀၄၄ ယောက် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။  ဒါကြောင့် မက္ကဆီကိုမှာ ကူးစက်ခံ အတည်ပြုလူနာ ၁၈၀,၅၄၅ ယောက် ရှိပြီး ကူးစက်ခံ သေဆုံးသူ ၂၁,၈၂၅ယောက် ရှိသွားပါပြီ။ လက်တင်အမေရိကရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဟာ ကူးစက်နှုန်း တိုးတာကို ရပ်သွားအောင် လုံလောက်အောင် မလုပ်နိုင်ခဲ့လို့ စိုးရိမ်စရာ အခြေအနေဖြစ်နေတာပါ။ ဘရာဇီးနိုင်ငံမှာတော့ ဇွန် ၂၁ ရက် တရက်တည်းမှာ သေဆုံးသူ ၆၄၁ ယောက် ရှိလို့ ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၅၀,၆၁၇ ယောက် ရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဘရာဇီးမှာ ကူးစက်ခံ အတည်ပြုလူနာ ၁ သန်းကျော် ရှိနေပါတယ်။ မက္ကဆီကိုနိုင်ငံတဝန်း သန်းချီတဲ့လူတွေဟာ မတ်လလယ်တည်းက ရောဂါခြေချုပ် အသွားအလာ ကန့်သတ်ချက်နဲ့ နေနေရပေမဲ့ ရောဂါကူးစက်နှုန်းက တိုးနေဆဲပါ။ ဇွန်လမှာတော့ တချို့စက်ရုံတွေ၊ ရုံးတွေနဲ့ ဆိုင်တွေ ပြန်ဖွင့်ဖို့ ရောဂါခြေချုပ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up