Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် အင်အား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
DVB
·
June 22, 2020
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှာ ဒီနေ့မနက်အစောပိုင်းက အင်အားရစ်(ခ်)တာစကေး  ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇွန် ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၁၀ မိနစ်၊ ၅၂ စက္ကန့် အချိန် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၂ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၁၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၂၂ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ရှားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024