မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဘေး မြန်မာနိုင်ငံ လွတ်ကင်းပြီ-ဦးထွန်းလွင်
အေးနိုင်
·
May 16, 2013
ဘင်္ဂလားပင်လယ်အော်က မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မ၀င်တော့ဘဲ မုန်တိုင်းဘေးကနေ ကင်းဝေးသွားပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောဆိုပါတယ်။
ဒေါက်တာဦးထွန်းလွင်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီမှာ မေးမြန်းရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။