Home
ဆောင်းပါး
တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ
DVB
·
June 21, 2020
shutterstock_1485322100-700x467
ဝသန်ကာလ မိုးကျလာတော့ သဘာဝပတ်ဝန်းကျင်ကြီးက လှပလို့ အရာရာက စိမ်းစိုနေပါတယ်။ မျက်စိ ပသာဒရမှုနဲ့အတူ သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာမှာက တုပ်ကွေးပါ။ ရာသီတုအေးတဲ့အခါ တုပ်ကွေးဖြစ်လွယ်သလို ရောဂါပိုးတွေကလည်း အချိန်တော်တော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ မကြာခင်မှာ ရောက်လာတော့မယ် မိုးရာသီမှာ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးကနေ ကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေလား………..

တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်စေဖို့

တုပ်ကွေးကို ကာကွယ်တာက ကုသတာထက် ပိုထိရောက်မှုရှိပါတယ်။ တုပ်ကွေးကို ကာကွယ်ဖို့ဆိုရင် အထိရောက်ဆုံးဖြစ်အောင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ကာကွယ်ဆေး ထိုးပါ နှစ်စ​ဉ် မိုးကျစမှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးတာက တစ်နှစ်ပတ်လု့း တုပ်ကွေး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တုပ်ကွေး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် တုပ်ကွေးရာသီ မစတင်ခင်မှာကတည်းက ကာကွယ်ဆေး ထိုးထားပါ။
လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ
လူစုလူဝေးဖြစ်မယ့် နေရာတွေကိုသွားတာ၊ ဖျားနေသူနဲ့ အနီးကပ် ထိတွေ့မိတာက တုပ်ကွေး ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာနေသူနဲ့ ခပ်ဝေးဝေးနေပါ။ လူစုလူဝေးဖြစ်မယ့် နေရာတွေကို မသွားပါနဲ့။ ဖျားနေရင် အိမ်မှာပဲနေပါ ဖျားနေမယ်ဆိုရင် အလုပ်သွားတာ၊ ကျောင်းသွားတာမျိုး မလုပ်ပါနဲ့။ အိမ်မှာပဲနေပါ။ အိမ်မှာတောင် မိသားစုဝင်တွေနဲ့ အနီးကပ် မနေဘဲ သီးသန့်နေပါ။ ဒါမှ ကိုယ့်ဆီကနေ အခြားသူတွေဆီကို ရောဂါပိုး မကူးစက်မှာပါ။ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပါ နှာချေတဲ့အခါ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးစနဲ့အုပ်ထားတာ၊ တံတောင်ဆစ်နဲ့ ဖုံးအုပ်တာက အခြားသူတွေဆီကို ရောဂါပိုး မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှာချေ၊ချောင်းဆိုးတိုင်း သေချာ ဖုံးအုပ်ဖို့ မမေ့ပါနဲ့။ လက်တွေကို သန့်စင်အောင် ဂရုစိုက်ပါ လက်တွေက ရောဂါပိုး အများဆုံး ကပ်ညှိနေနိုင်တဲ့ နေရာပါ။ ဒါကြောင့် လက်တွေကို သေချာဆေးကြောတာက တုပ်ကွေးကို အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းနဲ့ အပြင်ကပြန်လာတိုင်း လက်ကို သေချာစွာဆေးကြောပါ။ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပေးပါ။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင် အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည်သုံးပြီး ဆေးကြောပေးပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မကိုင်ပါနဲ့ လက်ချောင်းတွေက ဘက်တီးရီးယားတွေ အများဆုံး ရှိနေနိုင်တဲ့ နေရာပါ။ ဒါကြောင့် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ဖြစ်တဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ ကျန်းမာတဲ့ အလေ့အထလေးတွေ မွေးမြူပါ အိမ်မှာ ပိုးသတ်သန့်စင်တာ၊ အလုပ်စားပွဲကို ပိုးသတ်သန့်စင်တာ၊ နေ့စဉ် ကိုင်တွယ်ထိတွေ့နေရတဲ့ အရာတိုင်းကို ပိုးသတ်သန့်စင်တာမျိုးလုပ်ပါ။ ရေချိုးပါ။ ပုံမှန်လုပ်ရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စတွေဖြစ်တဲ့ ခေါင်းလျှော်တာ၊ လက်ဆေးတာ၊ ခြေသည်းလက်သည်းညှပ်တာတွေကို သေချာလုပ်ပေးပါ။ နေ့စဉ် အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလုပ်ပါ။ စတဲ့ နေ့စဉ်လိုက်နာရမယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူလေးတွေကို လိုက်နာမယ်ဆိုရင် တုပ်ကွေးရာသီမှာ ဖျားနာမှု ကင်းပြီး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

တုပ်ကွေး နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

တစ်ကိုယ်ရေ သန့်ရှင်းရေးက ရောဂါအများစုကို ကာကွယ်ပေးနိုင်ပါတယ်။ တုပ်ကွေးရာသီမှာလည်း တုပ်ကွေးမဖြစ်စေဖို့ဆိုရင် လက်ဆေးတာကစလို့ အစားအသောက် အသုံးအဆောင်တွေအထိ အားလုံးကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာ ဂရုစိုက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလည်း တိုးစေမှာပါ။ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ  ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024