မလှိုင်မြို့နယ်တွင် ယာစောင့်တဲ မီးလောင်၊ လေဖြတ်ထားသူ ၁ ဦး သေဆုံး
DVB
·
June 20, 2020
မလှိုင်မြို့နယ်၊ ဘောက်ခွေးတောကျေးရွာအုပ်စု ဘောက်ခွေးတောရွာမှာ ဇွန် ၁၉ ရက်က ယာစောင့်တဲမီးလောင်ပြီး လေဖြတ်ထားသူတဦး မီးလောင်သေဆုံးသွားတယ်လို့ မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာအောင်က “လေဖြတ်ထားလို့ တုတ်ထောက်ပြီး သွားနေရတယ်။ ယာစောင့်တဲမှာ တစ်ယောက်တည်း လာနေတယ်။ ထမင်းဟင်း ချက်ပြုတ်စားရာက မီးလောင်တာပါ။ မီးလွတ်အောင် မသွားနိုင်တော့ လူပါ မီးလောင်သွားတာ” လို့ ပြောပါတယ်။
ယာစောင့်တဲ မီးလောင်ရာမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၄ သောင်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ ဦးဌေးလှိုင်ကို မီးပေါ့ဆစွာသုံးစွဲလို့ မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ လူသေဆုံးမှူ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တို့နဲ့ အမှုဖွင့်ထားပါတယ်။