ဝါရှင်တန်ရှိ ဆန္ဒပြသူများ ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက်၏ ရုပ်တုကို မီးရှို့

783
အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီက ဇွန်လ ၁၉ ရက် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေဟာ အမေရိကန်ပြည်တွင်း စစ်ကာလက Confederate တပ်ရဲ့ ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက် ရုပ်တုကို မီးတင်ရှို့ ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံမီဒီယာတွေ အဆိုအရ ဆန္ဒပြ လူအုပ်စုတစုဟာ ဝါရှင်တန်ရဲ ဌာချုပ်တွေနား စုရုံးခဲ့ပြီး ရုပ်တုကို ကြိုးနှစ်ချောင်းနဲ့ ချိတ်ဆွဲရင်း လှဲချခဲ့ပြီးနောက် လောင်စာတွေသုံး မီးတင်ရှို့ခဲ့တာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကိစ္စကိုစိတ်ပျက်ကြောင်း သူ့ရဲ့ တွစ်တာအကောင့် မှာရေးခဲ့ပြီး ဝါရှင်တန်မြို့တော်ဝန်ကို အဲဒီလူတွေကို ဖမ်းဖို့ တောင်းဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ်နောက်ထပ်သမ္မတ သက်တမ်း တကြိမ်အတွက် မဲဆွယ်စည်းရုံးမှုကို တူလ်ဆာမြို့မှာ ဇွန်လ ၂၀ က လုပ်ဖို့ရှိနေပါတယ်။
ဇွန်လ ၁၉ ရက်ဟာ အမေရိကန်နိုင်ငံမှာ သမ္မတ အေဘရာဟမ်လင်းကွန်းက ၁၈၆၃ ခုနှစ် အမိန့်နဲ့ ကျွန်စနစ်ကို ဖျက်သိမ်းကြောင်း ကြေညာတဲ့နေ့ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။