A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ စာကြည့်တိုက် ဖွင့်လှစ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျားမော်တော်ကား စာကြည့်တိုက် ထားရှိဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာပြန်ဆက်ဦးစီးဌာနနဲ့ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးအေးသိန်းက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွမ်းခြံကုန်းမြို့မှာနေထိုင်တဲ့ သက်ရွယ်ကြီးမြင့်ပြီး နာ မကျန်းဖြစ်နေသူ စာရေးဆရာကြီး မြောင်းမြဘဆွေထံ ၀င်ရောက်ပြီး ဂါရ၀ပြု အားပေးစကား ပြောကြားခဲ့ပါတယ်။ Read more

A d v e r t i s e m e n t With Us

More News
Up