ထိုင်းနှင့်မလေးရှားပြန် ကိုဗစ်-၁၉ လူနာ ၄ ဦးကို မော်လမြိုင်ဆေးရုံတွင် စောင့်ကြည့်ကုသမည်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားစဉ် ရောဂါပိုးတွေ့ရှိခဲ့တဲ့ မွန်ပြည်နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ယောက်ကို မော်လမြိုင်ဆေးရုံမှာ ကြပ်မတ်ကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က DVB ကို ပြောပါတယ်။ ဒီ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ယောက်ကို ဇွန်လ ၁၉ ရက်နေ့မှာ သူတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ ဘားအံမြို့နယ် တောင်ကလေး Quarantine Camp ကနေ သွားရောက် ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူနာ ၄ ယောက်ကိုတော့ မော်လမြိုင် ပြည်သူ့ဆေးရုံက Isolation Ward မှာ စောင့်ကြည့်ကုသပေးသွားမှာဖြစ်ပြီး သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အပြည့်အဝ ချထားပေးထားတယ်လို့ ဒေါက်တာကျော်မြင့်က ဆိုပါတယ်။ ဒီ ကိုဗစ်-၁၉ ရောဂါ လူနာ ၄ ယောက်မှာ   ၂ ယောက်ကတော့ ထိုင်းနိုင်ငံနဲ့ ကျန် ၂ ယောက်က မလေးရှာနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူတွေ ဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း ကျန်းမှာရေးဝန်ကြီးဌာနက ဇွန် ၁၉ မှာ ထုတ်ပြန်ခဲ့တာပါ။  ဒီလူနာ ၄ ယောက်ဟာ သံဖြူဇရပ်၊ ချောင်းဆုံ၊ ရေးမြို့နယ်နဲ့ သထုံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up