A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ လူနာသစ် ၂၃ ဦးအနက် ၁၈ ဦးကို  ရန်ကုန်ဝေဘာဂီဆေးရုံသို့ ပို့ဆောင်

ဓာတ်ပုံ-ကရင်ပြည်နယ်အစိုးရ
ဒီနေ့မနက် စစ်ဆေးတွေ့ရှိတဲ့ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၂၃ ဦးထဲက ၁၈ ဦးကို ဘားအံမြို့ကနေ  ရန်ကုန်မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ကုသသွားမယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။  ကရင်ပြည်နယ်က လူနာသစ်တစ်ဦးကိုတော့ ဘားအံပြည်သူ့ဆေးရုံမှာပဲ ကုသပေးမှာဖြစ်ပြီး ကျန်တဲ့ လူနာ ၄ ဦးကိုတော့ မော်လမြိုင်မှာ ဆေးကုသမှုပေးသွားမှာ ဖြစ်ပါတယ်။  ပိုးတွေ့လူနာသစ်တွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကနေ ပြန်လာသူတွေဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဌာန မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေးစခန်းမှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစောင့်ကြည်စင်တာမှာ Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up