သာပေါင်းမြို့နယ်က မသန်စွမ်း ၁၀၀ ကျော်ကို အခြေခံစားသုံးကုန်များ လှူဒါန်း

ဓာတ်ပုံ - မင်းတင်(သာပေါင်း)
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇွန်လ ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိနေတဲ့ မသန်စွမ်းဦးရေ ၁၀၀ ကျော်အတွက် စေတနာရှင်တွေက စားသုံးကုန်များလှူ ဒါန်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ရန်ကုန်)နဲ့ မသန်စွမ်းသူများရုံး(သာပေါင်း)တို့မှ ပူးပေါင်းပြီး ကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို မသန်စွမ်းဦးရေ ၁၀၀ ကျော်အတွက် အိမ်တိုက်ရာရောက် လိုက်လံလှူဒါန်းပေးတာလို့ လှူဒါန်းရာမှာ ပါဝင်သူ ဦးသောင်းထိုက်က ပြောပါတယ်။ တဦးကို ဆန် ၁ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ စားသောက်ကုန်တွေ လှေဒါန်းခဲ့တာလို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ မသန်စွမ်း ဦးရေ ၈ ထောင်ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရဲ့ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ အခြေခံလူတန်းစားတွေကို စားသုံးကုန်တွေ မြို့နယ်အလိုက် လှူဒါန်းတာတွေ ရှိပေမယ့် မသန်းစွမ်းသူတွေကို လှူဒါန်းမှုက သာပေါင်းမြို့နယ်မှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up