အိုင်ဗရီကို့စ်တွင် မိုးကြီးမြေပြိုကျမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး

အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့ ဆင်ခြေဖုံးမှာ ဇွန် ၁၈ ရက်အစောပိုင်းက မိုးကြီးတာကြောင့် မြေပြိုကျမှု ဖြစ်ခဲ့လို့ လူ ၁၃ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။  အိုင်ဗရီကို့စ် မိုးလေဝသဌာန ထုတ်ပြန်ချက်အရ ဇွန် ၁၂  ရက်နဲ့ ၁၅ ရက်အတွင်း  ခါတိုင်းထက် ၃ ကြိမ်ထက်မနည်း မိုးပိုကြီးခဲ့တယ်လို့  သိရပါတယ်။   သေဆုံးသူအရေအတွက်ဟာ ယာယီစာရင်းသာဖြစ်ပြီး ရှာဖွေရေး ဆက်လုပ်နေတယ်လို့ အဘစ်ဂျန်မြို့တော်ဝန်က သတင်းထောက်တွေကို ပြောဆိုပါတယ်။   ဧပြီကနေ အောက်တိုဘာအထိ ကြာမြင့်တဲ့ မိုးရာသီအတွင်း အဘစ်ဂျန်မြို့မှာ ရေကြီး မြေပြိုတာတွေ မကြာခဏ ကြုံရတတ်ပါတယ်။ ဒါ့အပြင် မြေပြိုကျတတ်တဲ့ တောင်စောင်းတွေမှာ အဖြစ်ဆောက်ထားတဲ့ နေအိမ်တွေ ပြိုကျပြီး အသက်ဆုံးရှုံးတာတွေကလည်း ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း ကိုကာစိုက်ပျိုးရာ အိုင်ဗရီကို့စ်ရဲ့ တခြားဒေသတွေမှာလည်း  ဒီသတင်းပတ်အတွင်း မိုးကြီးခဲ့ပြီး သီးနှံပျက်စီးခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။   နိုင်ငံအနောက်ပိုင်း ကိုကာအဓိကစိုက်ရာ ဆိုဘရေးအရပ်မှာ ဒီသတင်းပတ်အတွင်း မိုးရေချိန်  ၂၂၉ ဒသမ ၃ မီလီမီတာ ရွာခဲ့ပြီး ပျမ်းမျှ ၅ နှစ်တာကာလထက် ၁၇၅ ဒသမ ၂ မီလီမီတာ ပိုရွာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up