Thursday, June 8, 2023
Homeမြန်မာသတင်းစီးပွားရေးေငြလဲနႈန္းနွင့္အတူ ရွှေဈေးတက်

ငွေလဲနှုန်းနှင့်အတူ ရွှေဈေးတက်

နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေ သိသိသာသာမြင့်နေတာနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းပါ ဆက်တိုက်မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင် မန်နေဂျာ ကိုဝင်းငယ်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ဈေးတက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်စပြီး ၁ ရက်ကို မြန်မာငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား နေ့စဉ်တက်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျနေတာကြောင့်  ဒေါ်လာလဲလှယ်နှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အချိန်တွေမှာ ပြည်တွင်းရွှေဈေး ကျလေ့ရှိပေမယ့် လက်ရှိပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ တပတ်ကျော်ကထက်တောင် ကျပ် ၁၅,၀၀၀ ခွဲလောက် မြင့်တက်လာတာဖြစ်ပါတယ်။

အခုလို ပြည်တွင်းရွှေဈေးနှုန်းတွေ မြင့်နေပေမယ့် ဝယ်လိုအားပိုင်းမှာတော့  သိသိသာသာလျော့ကျသွားတာမျိုးမရှိပဲ ရန်ကုန်မြို့ကရွှေဆိုင်တွေ အရောင်းအဝယ် ဖြစ်နေကြပါတယ်။

ဒါ့အပြင် ဒေါ်လာလဲလှယ်နှုန်းထားတွေ ဆက်တိုက်မြင့်တက်နေဦးမယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကွက် ဆက်မြင့်နေမယ့်အနေအထားမှာ ရှိနေဦးမှာပါလို့ ကိုဝင်းငယ်က ဆိုပါတယ်။

ပြည်တွင်းရွှေဈေးကွက်ဟာ သင်္ကြန်အပြီးမှာ ဈေးတွေကျခဲ့လို့ အရောင်းအဝယ် ကောင်းခဲ့ပေမယ့် လက်ရှိအနေအထားက အဲ့ဒီအချိန်ကလောက်တော့ ဝယ်လိုအားရှိမနေပါဘူး။
ဒီနေ့ရဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားဟာ ၁ ဒေါ်လာကို မြန်မာငွေကျပ် အဝယ် ၉၂၀ နဲ့ အရောင်း ၉၂၆ ရှိနေပါတယ်။ ဒီနှုန်းထားဟာ တပတ်အတွင်း အမြင့်ဆုံးတက်လာတဲ့ နှုန်းထားဖြစ်ပါတယ်။ ဒီနေ့ရဲ့ ပြည်တွင်းရွှေဈေးကတော့ ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၇၁၃,၀၀၀ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular