ဂန့်ဂေါမြို့အနီး အင်အား ၄.၈ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
June 19, 2020
မကွေးတိုင်း ဂန့်ဂေါမြို့အနီးမှာ မနေ့ညက အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၂၉ မိနစ်၊ ၁၈ စက္ကန့်အချိန်က ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၈၈ မိုင် ခန့်ကွာဝေးသော၊ ဂန့်ဂေါမြို့ရဲ့ အရှေ့မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၀ ဒီဂရီ၊ အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။