Home
အနုပညာ
သီချင်း ၆ ပုဒ်ပါ တေးသံရှင် ဒီယံ၏ အွန်လိုင်းသီးသန့် တေးအယ်လ်ဘမ်သစ်ထွက်ရှိ
DVB
·
June 18, 2020
တချိန်က ခပ်မြူးမြူး သင်္ကြန်သီချင်းတွေနဲ့ ပရိသတ်တွေ သတိထားမိခဲ့ကြတဲ့ တေးရေး၊ တေးဆို ဒီယံရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်သစ် ထွက်ရှိလာခဲ့ပါတယ်။ “Third Wave” လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်ကိုတော့ JOOX အပလီကေးရှင်းပေါ်မှတဆင့် ခံစားနားဆင်နိုင်မှာဖြစ်ပြီး အွန်လိုင်းတေးအယ်လ်ဘမ်အနေနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ ဒီယံဟာ ဟဲလေး၊ အစ္စဏီ၊ အိမ့်ချစ်၊ ဆူဇီစတဲ့ နာမည်ကြီး အဆိုတော်တွေနဲ့အတူ သင်္ကြန်တေးသီချင်းပေါင်းများစွာမှာ သီဆိုအောင်မြင်ခဲ့သူတယောက်ဖြစ်ပြီး ‘ယောကျ်ား ယောကျ်ား’၊ ‘စိုးရိမ်ရတာပေါ့’ ဆိုတဲ့ သီချင်းတွေဟာ ထင်ရှားပါတယ်။ နောက်ထပ် လူသိများတဲ့ သီချင်းတွေထဲမှာတော့ ဟဲလေး၊ အစ္စဏီတို့နဲ့အတူ သီဆိုခဲ့တဲ့ ‘ပတ်သက်ခွင့်ပြုပါ’၊ ‘သူဌေးကြိုက်’ စတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။ ခုတခါမှာတော့ သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းတွေဖြစ်တဲ့ ‘အိပ်မက်မဟုတ်တဲ့ဘဝ’၊ ‘ခရီးထွက်မယ်’၊ ‘မချစ်ဖူးလို့ပါ’၊ ‘မိုးရွာတဲ့နေ့’၊ ‘ငါ့ရဲ့ချစ်သူ’၊ ‘ရူးမှာပဲ’ စတဲ့ သီချင်း ၆ ပုဒ်ကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်နဲ့ပတ်သက်ပြီး ဒီယံက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေကို ခုလို အသိပေးမျှဝေထားခဲ့တာပါ။ “JOOX မှာ ခံစားနားဆင်လို့ရပါတယ် အကြံပြုဝေဖန်ပေးကြပါဦး။ တယောက်တည်း ဖန်တီးထားရလို့ အားနည်းချက်များရှိရင် ထောက်ပြပေးပါဦး။ တခြား Youtube တို့ itune တို့ မှာလည်း တင်ပေးသွားပါမယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024